ပြည်တွင်းအခွန်များဦးစီးဌာန

 နောက်ခံသမိုင်းအကျဉ်းချုပ်

၁။      ပြည်ထောင်စုမြန်မာနိုင်ငံတွင် တည်ရှိနေသောအုပ်ချုပ်ရေးစနစ်သည်  အခြေခံအားဖြင့် ဗြိတိသျှ ကိုလိုနီဘဝတွင် မြန်မာနိုင်ငံ၌တပ်ဆင် ခဲ့သော အုပ်ချုပ်ရေးစနစ်ကို အနည်းငယ် ပြုပြင်ထားသည့် စနစ်သာဖြစ်ရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ အကျိုး၊ တိုင်းရင်းသား  ပြည်သူများ၏ အကျိုးကို ထိရောက်စွာ မသယ်ပိုး မဆောင်ရွက်နိုင်၍ ယင်းသို့ဆောင်ရွက်စိမ့်သောငှာ အုပ်ချုပ်ရေးစနစ်သစ်ကို ဖော်ထုတ်ရန်  လိုအပ်လျက်ရှိနေသဖြင့် တော်လှန်ရေးကောင်စီသည် အုပ်ချုပ်ရေးယန္တရားကို ပြန်လည် ဖွဲ့စည်းရန် လုပ်ကိုင်ပုံနည်းစနစ်များကို အသစ်ပြဌာန်း ကြောင်း  ၁၉၇၂ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့ပါ အမိန့်ကြော်ငြာစာအမှတ်(၉၇)ကို ထုတ်ပြန်ခဲ့ပါသည်။

၂။       ၎င်းအမိန့်ကြော်ငြာစာအမှတ် (၉၇) အရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ယင်း အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ရေးအစီအစဉ်အရ ယခင်က သီးခြားစီရှိခဲ့သော အမြတ်ခွန်ဌာန၊ ကုန်သွယ်လုပ်ငန်းခွန်ဌာန၊ ယစ်မျိုးခွန်ဌာန၊ အောင်ဘာလေသိန်းဆုခွန်ဌာန၊ တံဆိပ်ခေါင်းခွန်ဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အခွန်ဌာနနှင့်ဘဏ္ဍာတော် မင်းကြီးရုံးတို့ ပူးပေါင်း၍ အခွန်အရပ်ရပ် စည်းကြပ်ကောက်ခံမှုဆိုင်ရာ လုပ်ငန်း တာဝန်များကို ဌာနတစ်ခုတည်းက လွဲပြောင်း တာဝန်ယူဆောင်ရွက်နိုင်ရန်အတွက် (၁-၁၀-၁၉၇၂) ရက်နေ့တွင် ပြည်တွင်းအခွန်များဦးစီး ဌာနကို စတင်ဖွဲ့စည်းခဲ့ပါသည်။

၃။      စတင်ဖွင့်လှစ်ခဲ့သော ရုံးများမှာ ပြည်တွင်းအခွန်များဦးစီးဌာန(ရုံးချုပ်) (၁)ရုံး၊ ဌာနခွဲ (၆)ရုံး၊ ပြည်နယ်/တိုင်းဒေသကြီးရုံးများ (၁၄)ရုံး၊ မြို့နယ်ရုံးများ (၂၅၀)ရုံး၊ စုစုပေါင်း (၂၇၁)ရုံး ဖြစ်ပြီး ရုံးချုပ်ကို ရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ ဖွဲ့စည်းစဉ်က ဦးစီးဌာန၏ အကြီးအကဲ ရာထူးကို ဥက္ကဋ္ဌအမည်ဖြင့်ရှိခဲ့ပါသည်။ နောင်တွင် ညွှန်ကြားရေးမှူးချုပ် အမည်ဖြင့် ပြောင်းလဲခဲ့ပါသည်။ ထိုသို့ စတင်ဖွဲ့စည်းခဲ့စဉ်က ပြည်တွင်းအခွန်များ ဦးစီးဌာနက ကောက်ခံသော အခွန် (၁၀) မျိုးရှိခဲ့ပါသည်။ ထိုအခွန်များမှာ ဝင်ငွေခွန်၊ အမြတ်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ယစ်မျိုးခွန်၊ အောင်ဘာလေသိန်းဆုခွန်၊ တံဆိပ်ခေါင်းခွန်၊ မြေခွန်၊ ရေခွန်နှင့်တာတမံခွန်၊ အင်းအိုင်ခွန်၊ ဓာတ်သတ္တုခွန် (ရှမ်းပြည်နယ်တွင် သီးနှံခွန် ဟူ၍ သီးခြားပါဝင်ခဲ့ပါသည်)တို့ ဖြစ်ပါသည်။

၄။      ၁၉၈၈ ခုနှစ် မတိုင်မီက နိုင်ငံတော်သည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြီး    ၁၉၈၈ ခုနှစ် နောက်ပိုင်း တပ်မတော် အစိုးရ လက်ထက် တွင် နိုင်ငံတော်သည် ဈေးကွက်စီးပွားရေး စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ ခေတ်စနစ်အရ အခွန်ကောက်ခံ မှုစနစ် ပိုမို ထိရောက် ကောင်းမွန်စေရန် အခွန် (၅)မျိုးကို သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပေးခဲ့ပါသည်။ မြေခွန်၊ ရေခွန်နှင့် တာတမံခွန်၊ ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လည်းကောင်း၊ အင်းအိုင်ခွန်ကို ငါးလုပ်ငန်းဦးစီးဌာနသို့ လည်းကောင်း (၁-၄-၁၉၈၉) နေ့တွင် လွှဲပြောင်းပေးခဲ့ပါသည်။

၅။      ပြည်တွင်းအခွန်များဦးစီးဌာန မဖွဲ့စည်းမီနှင့် ဖွဲ့စည်းပြီးနောက်ပိုင်း ခေတ်ကာလအလိုက် ကောက်ခံခဲ့သော အခွန်အမျိုးအစားများနှင့် ယင်းအခွန်များကိုစည်းကြပ်ကောက်ခံနိုင်ရန် ပြဋ္ဌာန်း သည့်အခွန်ဥပဒေများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

ခေတ်ကာလနှင့်အခွန်အမျိုးအစား

အခွန်ဥပဒေနှင့်ပြဋ္ဌာန်းသည့်နှစ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၁၀

၁၁

၁၂

၁၃

၁၄

၁၅

၁၆

 

 

 

 

၁၇

၁၈

 

 

 

၁၉

 

၂၀

၂၁

 

၂၂

 

၂၃

 

၂၄

 

၂၅

၂၆

 

 

 

 

၂၇

 

၂၈

မြန်မာဘုရင်များခေတ်

ဆားခွန်

ထန်းခွန်

အင်းအိုင်ဆည်မြောင်းခွန်

ကိုလိုနီခေတ်

လူခွန် (Capitation Tax)

သဿမေဓခွန် (Property Tax)

ရုံးခွန်

မြေခွန်

 

 

 

 

 

 

အကောက်ခွန် (Customs Duties)

 

တံဆိပ်ခွန်

သစ်တောခွန် (Forest Tax)

အင်းအိုင်ခွန်

ယစ်မျိုးခွန် (Excise Tax)

အမြတ်ခွန်

စီးကရက်ခွန်

မီးခြစ်ခွန်

ဘိလပ်ရည်နှင့် အဖျော်ရည်ခွန်

ဂျပန်ခေတ်

 

 

စစ်ပြီးခေတ်လွတ်လပ်ရေးမရမီ

ပွဲခွန်

အမြတ်ခွန်

 

 

လွတ်လပ်ရေးရပြီးခေတ်

ရောင်းဝယ်လုပ်ကိုင်မှုမြတ်စွန်းခွန်

 

ရောင်းခွန်

ရောင်းဝယ်လုပ်ကိုင်မှု ဥပစာခွန်

 

ဟိုတယ်နှင့်ပျော်ပွဲစားရုံခွန်

 

ပွဲခွန်

တော်လှန်ရေးကောင်စီခေတ်

ဝင်ငွေခွန်

ဆိုရှယ်လစ်ခေတ်

အမြတ်ခွန်

ကုန်စည်နှင့်ဝန်ဆောင်မှုခွန်

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီခေတ်

ကုန်သွယ်လုပ်ငန်းခွန်

ပြည်ထောင်စုအစိုးရခေတ်

အထူးကုန်စည်ခွန်

 

 

 

 

 

 

 

The Court fee Act (1870)

Land and Revenue Act (1876)

The Lower Burma Land and Revenue Act

The Lower Burma Town and Village Lands Act

The Upper Burma Land and Revenue Regulations

Sea Customs Act (1878) အကောက်ခွန် ဥပဒေ (၁၉၂၄)

The Burma Stamp Act (1899)

Forest Tax (1902)

The Fisheries Act (1905)

The Burma Excise Tax (1917)

The Indian Income Tax Act (1922)

The Cigarettes Duty Act (1931)

The Matches Act (1934)

The Exerciable Goods Rules (1959)

ငွေကြေးဖောင်းပွမှုများဖြစ်ပေါ်သဖြင့် ကောက်ပဲ သီးနှံဖြင့် အခွန်ကောက်ခြင်းမှအပ ရှိရင်းစွဲအခွန် များကောက်ခံခြင်းကို ပြောင်းလဲခြင်းမရှိပါ။

 

The Entertainment Tax Act (1947)

အက်ဥပဒေကို Government of Burma (Adaptation of Laws) Order, 1937 ဖြင့် ဆက်လက်အတည်ပြု

 

၁၉၄၈ ခုနှစ် ရောင်းဝယ်လုပ်ကိုင်မှု အမြတ်အစွန်း ခွန်အက်ဥပဒေ

၁၉၅၂ ခုနှစ် ရောင်းခွန်အက်ဥပဒေ

၁၉၅၆ ခုနှစ် ရောင်းဝယ်လုပ်ကိုင်မှု ဥပစာအခွန် အက်ဥပဒေ

၁၉၄၉ ခုနှစ်၊ ဟိုတယ်နှင့် ပျော်ပွဲစားရုံခွန်အက် ဥပဒေ

၁၉၄၇ ခုနှစ်၊ ပွဲခွန်တော်အက်ဥပဒေ

 

ဝင်ငွေခွန်ဥပဒေ (၁၉၇၄)

 

အမြတ်ခွန်ဥပဒေ (၁၉၇၆)

ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ (၁၉၇၆)

 

 

 

 

ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ (၁၉၉၀)

 

အထူးကုန်စည်ခွန်ဥပဒေ (၂၀၁၆)

 

ဖွဲ့စည်းပုံအဆင့်ဆင့်ပြောင်းလဲလာမှု

၆။      ပြည်ထောင်စုမြန်မာနိုင်ငံတော် အုပ်ချုပ်ရေးစနစ်သစ် ဖော်ထုတ်ခြင်းနှင့်စပ်လျဉ်းသည့်    (၁၅-၃-၁၉၇၂) နေ့စွဲပါ တော်လှန်ရေးကောင်စီ ကြော်ငြာချက်အမှတ် ၉၇ အရ၊ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုအသုံးပြုလျက် ပြည်တွင်းအခွန်များဦးစီးဌာနကို အရာထမ်းရာထူး (၂၇၉) နေရာနှင့် အမှုထမ်းရာထူး(၃၀၄၃)နေရာ စုစုပေါင်းရာထူး(၃၃၂၂)နေရာဖြင့် (၁-၁၀-၁၉၇၂) စတင်ဖွဲ့စည်းခဲ့ ပါသည်။

၇။      (၁၈-၃-၂၀၀၄) ရက်နေ့တွင်ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၀၄)ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ၏ သဘောတူခွင့်ပြုချက်ဖြင့်  အရာထမ်း ရာထူး (၅၈၃)နေရာနှင့် အမှုထမ်းရာထူး(၄၁၆၀) နေရာ စုစုပေါင်း (၄၇၄၃) နေရာဖြင့် ပြင်ဆင်  ဖွဲ့စည်းခဲ့ပါသည်။

၈။     (၁၂-၁-၂၀၁၂) ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၂)၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်း ရာထူး (၇၇၈)နေရာနှင့် အမှုထမ်းရာထူး (၄၁၂၂) နေရာ စုစုပေါင်း (၄၉၀၀)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၉။      (၁၉-၆-၂၀၁၄) ရက်နေ့တွင်ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၂/၂၀၁၄)၏ သဘောတူခွင့်ပြုချက်ဖြင့် အရာထမ်းရာထူး (၁၀၉၁)နေရာနှင့် အမှုထမ်းရာထူး (၅၁၈၆) နေရာ စုစုပေါင်း (၆၂၅၉)နေရာဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၁၀။    (၇-၁-၂၀၁၆) ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၁၆)မှ ဆုံးဖြတ်ချက်အရ ပြည်တွင်းအခွန်များဦးစီး ဌာန၏ ယခင်ဖွဲ့စည်းပုံအတိုင်း ဝန်ထမ်းအင်အား ပြောင်းလဲခြင်းမရှိဘဲ အရာထမ်း ရာထူး (၁၀၉၁) နေရာနှင့် အမှုထမ်းရာထူး(၅၁၆၈)နေရာ စုစုပေါင်းရာထူး(၆၂၅၉)နေရာဖြင့် ဖွဲ့စည်းပုံအား ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။

၁၁။      (၂၇-၄-၂၀၁၇)ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၈/ ၂၀၁၇)မှ ဆုံးဖြတ်ချက်အရ ပြည်တွင်းအခွန်များဦးစီးဌာန၏ ဖွဲ့စည်းပုံအား အရာထမ်းရာထူး (၂၁၀၁)နေရာနှင့် အမှုထမ်းရာထူး(၇၀၇၇)နေရာ စုစုပေါင်းရာထူး (၉၁၇၈)နေရာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

၁၂။ လက်ရှိဖွဲ့စည်းပုံအရ ပြည်တွင်းအခွန်များဦးစီးဌာနရှိ ဌာနခွဲများ

(၁) ဦးစီးရုံးဌာနခွဲ

(၂) စီမံရေးရာဌာနခွဲ

(၃) ငွေစာရင်းဌာနခွဲ

(၄) စစ်ဆေးရေးဌာနခွဲ

(၅) သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲ

(၆) စာရင်းအင်းဌာနခွဲ

(၇) အခွန်ဆိုင်ရာကြီးကြပ်ရေးဌာနခွဲ

(၈) စီမံချက်ရေးဆွဲကြီးကြပ်ရေးဌာနခွဲ

(၉) အောင်ဘာလေဌာနခွဲ

(၁၀) ဥပဒေရေးရာဌာနခွဲ

(၁၁) အခွန်မူဝါဒနှင့်သုတေသနဌာနခွဲ

(၁၂) လေ့ကျင့်ရေးဌာနခွဲ

(၁၃) အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေးဌာနခွဲ

အဓိကလုပ်ငန်းတာဝန်များ

၁၃။    ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်လွတ်ကင်းမှုမရှိစေဘဲ ရသင့်ရထိုက်သော အခွန်ငွေ များအပြည့်အဝကောက်ခံရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ ဈေးကွက်စီးပွားရေးစနစ်နှင့် လိုက်လျော ညီထွေဖြစ်သော အခွန်စနစ်ဖြစ်ပေါ်စေရေးအတွက် ပြုပြင်ဆောင်ရွက်ပေးရန်၊ ငွေကြေး ဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ပြည်တွင်း၌ လှည့်လည်သုံးစွဲနေသော ကျပ်ငွေများကို အခွန်စနစ်ဖြင့် စုစည်းပေးရန်ဟူသော အဓိကလုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက်မူဝါဒ(၈)ရပ်နှင့် လုပ်ငန်းတာဝန် (၅)ရပ်ကို အောက်ပါအတိုင်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်-

          (က)   မူဝါဒ

(၁)    ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် လုပ်ငန်းများ ထိရောက်စွာဆောင်ရွက် နိုင်စေမည့် ခိုင်မာသော ဥပဒေ မူဘောင်တစ်ရပ် ဖော်ဆောင်ခြင်း၊

(၂)      စီမံအုပ်ချုပ်မှုနည်းလမ်းသစ်များနှင့် ကိုက်ညီစေရန် ပြည်တွင်းအခွန်များဦးစီး ဌာနကို ပြန်လည်ပြင်ဆင်ဖွဲ့စည်း ခြင်း၊

(၃)     အခွန်စည်းကြပ်ခြင်းလုပ်ငန်းစဉ်ကို ခေတ်မီအောင်ပြုပြင်ပြောင်းလဲခြင်း၊

(၄)     လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို အစီအစဉ်တကျဖြစ်စေပြီး ရိုးရှင်းအောင်ပြုလုပ်ရန်နှင့် နည်းပညာကို အပြည့်အဝအသုံးချခြင်း၊

(၅)     ဆုံးရှုံးနိုင်ခြေများကို ဖြေရှင်းနိုင်ရန် ဝန်ဆောင်မှုနှင့်အရေးယူဆောင်ရွက်ခြင်း နည်းလမ်းများကို အပြည့်အဝအသုံး ချခြင်း၊

(၆)     ဝန်ထမ်းများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ယင်းတို့၏ အစွမ်းအစရှိသမျှ အစွမ်းကုန်အသုံးချနိုင်စေခြင်း၊

(၇)     အပြောင်းအလဲများကို စီမံခန့်ခွဲနိုင်စေရန် ခေါင်းဆောင်မှုနှင့် စီမံအုပ်ချုပ်မှု ဆိုင်ရာ အစီအစဉ်များရေးဆွဲ အကောင် အထည်ဖော်ခြင်း၊

(၈)     စီမံအုပ်ချုပ်မှု၏ ကဏ္ဍအားလုံးတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိ စေရေးဆောင်ရွက်ခြင်း။

          (ခ)     လုပ်ငန်းတာဝန်

 (၁)     စည်းကြပ်ကောက်ခံရမည့် အခွန်အကောက်များကို လွတ်ကင်းမှု၊ လျော့နည်းမှု မရှိစေဘဲဥပဒေများနှင့်အညီ အပြည့် အဝရရှိအောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်နှင့် ပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်၊

 (၂)      အခွန်ထမ်းပြည်သူများအား အခွန်ပညာပေးခြင်းနှင့် ဝန်ဆောင်မှုအပြည့်အဝ ပေးခြင်းဖြင့် ဆန္ဒအလျောက်အခွန် ပေးဆောင်လာစေပြီး အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်သို့ ကူးပြောင်းရန်၊

 (၃)     အခွန်စည်းကြပ်မှုကို ဥပဒေများနှင့်အညီ တိကျမှန်ကန်စွာဆောင်ရွက်ခြင်းဖြင့် အခွန်ရုံးများအပေါ် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကိုရယူရန်၊

 (၄)     အခွန်ရုံးများကို ခေတ်မီနည်းပညာများဖြင့် စနစ်တကျဆောင်ရွက်နိုင်သည့် ရုံးများဖြစ်အောင် အဆင့်မြှင့်တင် နေရန်၊

  (၅)     ဝန်ထမ်းများအား လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်ပြီး အသိပညာ၊ အတတ်ပညာ၊ ပြည့်စုံသည့် ဝန်ထမ်းကောင်းများ ဖြစ်စေရေး စဉ်ဆက်မပြတ် လေ့ကျင့်သင်ကြား ပြုစုပျိုးထောင်ပေးရန်။

၁၄။     အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်အစိုးရ၏အသုံးစရိတ်ကာမိစေရန် ဘဏ္ဍာငွေရရှိရေးနှင့် နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များကို အထောက်အကူပြုရေးတို့ဖြစ်သော်လည်း ယင်း အဓိကရည်ရွယ်ချက်များ အပေါ်တွင်သာ အခြေပြုကောက်ခံခြင်းမဟုတ်ဘဲ အောက်ပါရည်ရွယ် ချက်များကို အကောင်အထည်ဖော်ရန် ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါသည် -

          (က)   နိုင်ငံတော်တွင် ညီညွတ်မျှတသော အရအသုံးငွေကြေးစနစ် ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေ၍   ငွေကြေးဖောင်းပွမှုမပေါ်ပေါက်အောင် ထိန်းညှိပေးရန်၊

                 (ခ)     ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြုပ်နှံမှုနှင့် စုဆောင်းမှုတို့ကို အခွန်အကောက်စနစ်က ထိန်းညှိပေးရန်၊

                 (ဂ)     ကုန်ဈေးနှုန်းတည်ငြိမ်မှုအတွက် အထောက်အကူဖြစ်စေရန်၊

                (ဃ)   ဓနအင်အားမျှတစေရန်၊ (ဝင်ငွေဖြန့်ဖြူးမှုညီမျှစေရန်)

                (င)     စီးပွားရေးဖွံဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေရန်၊

                (စ)     နိုင်ငံတော်၏ စီးပွားရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရေးကို အထောက် အကူဖြစ်စေရန်၊

                (ဆ)   ပြည်တွင်းစက်မှုလုပ်ငန်းများကို အကာအကွယ်ပေးရန်။

ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန် ထမ်းဆောင်ခဲ့သည့် ကာလ

၁၅။    ပြည်တွင်းအခွန်များဦးစီးဌာန ဖွဲ့စည်းသည့်အချိန်မှစ၍ နိုင်ငံတော်အတွက်လိုအပ်သော အခွန်ဘဏ္ဍာငွေကို ဥပဒေနှင့်အညီ အဓိက စည်းကြပ်ကောက်ခံရေးကို ကြိုးပမ်းအားထုတ်ခဲ့ကြသော ညွှန်ကြားရေးမှူးချုပ်များ၏ အမည်နှင့်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်ကာလကို အောက်ပါအတိုင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည် -

 

အမည်                   - ဝဏ္ဏကျော်ထင်သီရိပျံချီဦးတွမ်မှုန်း

ပညာအရည်အချင်း - B.A Hons (Eng)

ဘွဲ့ထူး၊ ဂုဏ်ထူး      - သီရိပျံချီဘွဲ့ (၁၉၄၉)

မွေးသက္ကရာဇ်         - ၁၁-၃-၁၉၁၇

တာဝန်ထမ်းကာလ  - ၂-၁၀-၁၉၇၂ မှ ၂၂-၁၂-၁၉၇၆ ထိ

 

အမည်                   - ဦးအုန်း​​မောင်

ပညာအရည်အချင်း -         -

ဘွဲ့ထူး၊ ဂုဏ်ထူး        - မော်ကွန်းဝင်ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်

မွေးသက္ကရာဇ်         -         -

တာဝန်ထမ်းကာလ  - ၂၃-၁၂-၁၉၇၆ မှ ၁-၉-၁၉၇၉ ထိ

အမည်                   - ဦးစိန်လင်း

ပညာအရည်အချင်း - B.Sc, B.L, D.M.A

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၁၆-၅-၁၉၃၃

တာဝန်ထမ်းကာလ  - ၁၇-၉-၁၉၇၉ မှ ၁၅-၅-၁၉၉၃ ထိ

 

အမည်                   - ဦးသန်းညွန့်

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၁၈-၁၁-၁၉၄၇

တာဝန်ထမ်းကာလ  - ၅-၈-၁၉၉၃ မှ ၅-၉-၁၉၉၇ ထိ

 

အမည်                   - ဦးချစ်ဆွေ

ပညာအရည်အချင်း - သိပ္ပံဘွဲ့

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၁၄-၁၀-၁၉၄၂

တာဝန်ထမ်းကာလ  - ၅-၉-၁၉၉၇ မှ ၁၄-၁၀-၂၀၀၂ ထိ

 



 

အမည်                   - ဦးဝင်းနိုင်

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၂၆-၁၀-၁၉၄၉

တာဝန်ထမ်းကာလ  - ၂၅-၁၁-၂၀၀၂ မှ ၁၄-၁၁-၂၀၀၄ ထိ

 

အမည်                   - ဦးဆန်းထွန်း

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၉-၉-၁၉၅၁

တာဝန်ထမ်းကာလ  - ၁၄-၁၁-၂၀၀၄ မှ ၉-၅-၂၀၁၁ ထိ

 

အမည်                   - ဦးမြတ်မော်

ပညာအရည်အချင်း - B.Sc (DSA), M.A (Defence Studies)

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၁-၁၂-၁၉၅၅

တာဝန်ထမ်းကာလ  - ၉-၅-၂၀၁၁ မှ ၂၈-၃-၂၀၁၃ ထိ

 

အမည်                   - ဦးသန်းအောင်

ပညာအရည်အချင်း - B.A (L.L.B)

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၁၈-၃-၁၉၅၅

တာဝန်ထမ်းကာလ  - ၂၉-၃-၂၀၁၃ မှ ၂၃-၅-၂၀၁၃ ထိ

အမည်                   - ဦးမင်းထွဋ်

ပညာအရည်အချင်း - B.Sc (DSA)

ဘွဲ့ထူး၊ ဂုဏ်ထူး      -         -

မွေးသက္ကရာဇ်         - ၁၉-၁၂-၁၉၆၃

တာဝန်ထမ်းကာလ  - ၂၄-၅-၂၀၁၃ မှ ယနေ့ထိ

 

စဉ်

အမည်

တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ

မှ

ထိ

ဝဏ္ဏကျော်ထင်၊ သီရိပျံချီ ဦးတွမ်မှုန်း၊ B.A (Hons)

၂-၁၀-၁၉၇၂

၂၂-၁၂-၁၉၇၆

ဦးအုန်းမောင်

(မော်ကွန်းဝင်ဒုတိယဆင့်၊ နိုင်ငံ့ဂုဏ်ရည်ပထမဆင့်)

၂၃-၁၂-၁၉၇၆

၁-၉-၁၉၇၉

ဦးစိန်လင်း၊ B.Sc, B.L, D.M.A

၁၇-၉-၁၉၇၉

၁၅-၅-၁၉၉၃

ဦးသန်းညွန့်၊ B.Sc (DSA)

၅-၈-၁၉၉၃

၅-၉-၁၉၉၇

ဦးချစ်ဆွေ၊ B.Sc

၅-၉-၁၉၉၇

၁၄-၁၀-၂၀၀၂

ဦးဝင်းနိုင်၊ B.Sc (DSA)

၂၅-၁၁-၂၀၀၂

၁၄-၁၁-၂၀၀၄

ဦးဆန်းထွန်း၊ B.Sc (DSA)

၁၄-၁၁-၂၀၀၄

၉-၅-၂၀၁၁

ဦးမြတ်မော်၊ B.Sc (DSA), M.A (Defence )

၉-၅-၂၀၁၁

၂၈-၃-၂၀၁၃

ဦးသန်းအောင်၊ B.A (LLB) (ယာယီပူးတွဲ)

၁၉-၃-၂၀၁၃

၂၃-၅-၂၀၁၃

၁၀

ဦးမင်းထွဋ်၊ B.Sc (DSA)

၂၄-၅-၂၀၁၃

ယနေ့အထိ

 

ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ခဲ့မှုများ                  

၁၆။    ပြည်တွင်းအခွန်များဦးစီးဌာနသည် ခေတ်အဆက်ဆက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခဲ့ရာတွင် မူဝါဒပြုပြင်ပြောင်းလဲခဲ့မှုနှင့် လုပ်ထုံး လုပ်နည်း ပြုပြင်ပြောင်းလဲခဲ့မှုများ ဆောင်ရွက်ခဲ့ပါသည် -

          (က)   မူဝါဒပြောင်းလဲခဲ့မှုများ

 (၁)     ပြည်တွင်းအခွန်များဦးစီးဌာန၏ မူဝါဒပြောင်းလဲခဲ့မှု အခြေအနေနှင့်ပတ်သက်၍  အခွန်ရုံးမှ အခွန်စည်းကြပ် သည့်စနစ် (Official Assessment System - OAS) မှ အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့် စနစ် (Self Assessment System - SAS) သို့ ပြောင်းလဲကျင့်သုံးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့်အနေဖြင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး (Large Taxpayer Office - LTO) ကို (၁-၄-၂၀၁၄) ရက်နေ့တွင် စတင်ဖွင့်လှစ် နိုင်ခဲ့ပါသည်။

            (၂)      အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး(၁) (Medium Taxpayer Office – 1 ကိုလည်း (၁-၄-၂၀၁၇) ရက်နေ့ မှစတင်ကာ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ် (Self Assessment System) ကျင့်သုံးနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

(ခ)     လုပ်ငန်းတိုးတက် ဆောင်ရွက်နိုင်ခဲ့မှုများနှင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက် နိုင်ခဲ့မှုများ

(၁)     ခေတ်မီသော အခွန်စီမံခန့်ခွဲမှု စနစ်တစ်ရပ်သို့ ပြောင်းလဲ ဖော်ဆောင်နိုင်ရန် နိုင်ငံတကာမိတ်ဖက် အဖွဲ့အစည်း များဖြစ်သော အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund)၊ ကမ္ဘာ့ဘဏ် (World Bank)  နှင့် အမေရိကန်ဘဏ္ဍာရေးဌာန၊ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့ (Office of Technical Assistance,  US Department of Treasury)တို့မှ ဘဏ္ဍာရေးနှင့်နည်းပညာဆိုင်ရာ အကူအညီများကိုရယူခြင်း၊

 (၂ )    အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များဆောင်ရွက်ရန် လိုအပ် သည့်ငွေကြေးကို ကမ္ဘာ့ဘဏ်၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (PFM Project)အရ ရရှိထောက်ပံ့မည့် ချေးငွေ၊ ထောက်ပံ့ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊

(၃)     အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ၁-၂-၂၀၁၂  ရက်နေ့တွင် ဖွင့်လှစ်သော (၂၇၇) ကြိမ်မြောက်မှစ၍ အထူးဆု ကြီးကို ကျပ်သိန်း (၁၅၀၀)သို့ တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်း၊

(၄)     အခွန်စည်းကြပ်ကောက်ခံရာတွင် ရသင့်ရထိုက်သောအခွန်ရရှိခြင်း ရှိ/မရှိ စိစစ်ရန်၊ နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီစေရေးအတွက် လက်ရှိ အခွန်ကောက်ခံမှုနှင့် အခွန်အပြည့်အဝရရှိရေး ရည်မှန်းချက်အား အထောက်အကူ ဖြစ်စေရန်နှင့် သုံးသပ်အကြံပြုချက်များအား ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြနိုင်ရန်တို့အတွက် အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေးဘုတ်အဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ (၈-၅-၂၀၁၃)ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၃၁/၂၀၁၃ ဖြင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း၊

(၅)     ပြည်သူများ အခွန်ကိစ္စရပ်များနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို ဌာန ကိုယ်စားဖြေကြားပေးရန်၊ မကျေလည် သည့် အခွန်ဆိုင်ရာအချက်အလက်များ ဌာနသို့တင်ပြနိုင်ရန်၊ တင်ပြလာသည့် အခွန်ဆိုင်ရာ မကျေလည် မှုများကို ဖြေရှင်းပြန်ကြားပေးရန်နှင့် ပြည်ပမှရင်းနှီးမြှုပ်နှံရန် လာရောက်သည့် နိုင်ငံခြားသားများကို အခွန်သတင်းအချက်အလက် များ ပံ့ပိုးကူညီရန် ရည်ရွယ်၍ အခွန် ဆိုင်ရာဝန်ဆောင်မှုရုံးကို ရန်ကုန်တိုင်းဒေသကြီးတွင် (၁၉-၁၀-၂၀၁၂)  ရက်နေ့နှင့် မန္တလေးတိုင်းဒေသကြီးတွင် (၂၀-၅-၂၀၁၃) ရက်နေ့၌ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်း၊

(၆)     ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲရေး လုပ်ငန်း အစီအစဉ် ဦးစီးကော်မတီပုံမှန် အစည်းအဝေးကို တစ်လတစ်ကြိမ် အရှိန်မြှင့်တင် ကျင်းပနိုင်ရေးစီစဉ်လျက်ရှိခြင်း၊

(၇)     စားသောက်ဆိုင်လုပ်ငန်းများမှ ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ကောက်ခံရရှိရေးအတွက် စားသုံးသူ များသို့ ထုတ်ပေးသည့်ပြေစာများတွင် သတ်မှတ်တန်ဖိုးအလိုက် ကျသင့်ကုန်သွယ်လုပ်ငန်းခွန်နှင့် ကိုက်ညီသည့် အခွန်အမှတ်တံဆိပ်  (Tax Label) များ ကပ်နှိပ်စေရေး လုပ်ငန်းစီမံချက်ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက် နေ့မှစ၍ ရှေ့ပြေးစီမံ ချက်အဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်များတွင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ဆိုင် လုပ်ငန်းများနှင့် ဟိုတယ်တည်းခိုခန်း လုပ်ငန်းများအပေါ်တွင် အခွန်အမှတ်တံဆိပ် (Tax Label)  များ ကပ်နှိပ်စေ ရေးဆောင်ရွက်ခဲ့ခြင်း၊

(၈)     ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၄/၂၀၁၅)မှ သဘောတူ ခွင့်ပြုချက်အရ ဘဏ္ဍာရေးဝန်ကြီး ဌာနသည် (၉-၃-၂၀၁၅) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၆၂၈/၂၀၁၅ ဖြင့် ပြည်ထောင်စု၏ အခွန်ဘဏ္ဍာ ငွေ တိုးတက်ရရှိရေးအထောက်အကူပြု ဦးစီးကော်မတီ၊ တိုင်းဒေသကြီး/ပြည်နယ် အခွန်ဘဏ္ဍာ ငွေတိုးတက်ရရှိရေး အထောက်အကူပြုအဖွဲ့နှင့် မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်အဆင့် အခွန်ဘဏ္ဍာ ငွေတိုးတက်ရရှိရေး အထောက်အကူပြု လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းခဲ့ခြင်း၊

(၉)     ကုမ္ပဏီများဆိုင်ရာအခွန်ရုံးအား အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးများ အဖြစ်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာအခွန်ရုံး (၁) နှင့် (၂) ကို (၁၁-၆-၂၀၁၅) ရက်နေ့တွင် အသီးအသီး ဖွင့်လှစ်ခဲ့ခြင်း၊

(၁၀)   အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၃)အား ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ (၁၀-၃-၂၀၁၆) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်၊ ၀၅၄ ဖြင့် စတင်ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိခြင်း၊

(၁၁)   ပြည်တွင်းအခွန်များဦးစီးဌာန၊ စာရင်းအင်းဌာနခွဲ၏ (၃၀-၅-၂၀၁၆) ရက်စွဲပါ စာအမှတ်၊ ၁(၈)/စာရင်း-၁/ပတခ/၂၀၁၆(၅၃၉) ဖြင့် လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများအား အတည်ပြုခန့်အပ်ထားခဲ့ပြီး မြို့နယ်ပေါင်း (၉၃)မြို့နယ် တွင် လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူ (၂၉၈)ဦးအား (၁-၆-၂၀၁၆) ရက်နေ့မှ စတင်ခန့်ထား၍ ရောင်းချခွင့် ပြုခဲ့ခြင်း။

(၁၂)    ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲအနေဖြင့် ကျပ် (၅၀၀)တန် အောင်ဘာလေထီ လက်မှတ်များကို ၂၀၁၇ ခုနှစ်၊ မတ်လတွင် စတင်ဖြန့်ဖြူး ရောင်းချမည်ဖြစ်ပြီး ဧပြီလ (၁) ရက်နေ့တွင် ပထမအကြိမ်  စတင်ဖွင့်လှစ်မည်ဖြစ်ခြင်း၊

             (၁၃)   အခွန်ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံတစ်ဝန်းလုံး ဘဏ္ဍာနှစ်အလိုက် အခွန်အရပ်ရပ်ကောက်ခံရရှိမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

                                                                                      (ကျပ်သန်းပေါင်း)

စဉ်

ဘဏ္ဍာနှစ်

လျာထားချက်

ကောက်ခံရ

ရာခိုင်နှုန်း

၁၉၇၂-၁၉၇၃

၈၉၇.၂၅၅

၈၇၄.၇၃၈

၉၇.၄၉

၁၉၇၃-၁၉၇၄

၄၃၈.၄၈၃

၄၇၄.၇၃၁

၁၀၈.၂၇

၁၉၇၄-၁၉၇၅

၁၀၅၀.၄၇၂

၁၁၂၉.၃၆၈

၁၀၇.၅၁

၁၉၇၅-၁၉၇၆

၁၂၀၇.၃၈၃

၁၃၂၆.၁၉၂

၁၀၉.၈၄

၁၉၇၆-၁၉၇၇

၂၀၉၆.၆၂၈

၂၀၀၅.၆၄၅

၉၅.၆၆

၁၉၇၇-၁၉၇၈

၂၃၄၃.၃၁၁

၂၄၃၇.၅၀၃

၁၀၄.၀၂

၁၉၇၈-၁၉၇၉

၂၄၇၇.၉၀၅

၂၃၈၅.၉၆၁

၉၆.၂၉

၁၉၇၉-၁၉၈၀

၂၅၇၀.၂၁၅

၂၆၂၆.၄၆၉

၁၀၂.၁၉

၁၉၈၀-၁၉၈၁

၂၇၀၈.၂၈၀

၂၆၉၂.၆၂၆

၉၉.၄၂

၁၀

၁၉၈၁-၁၉၈၂

၂၉၂၁.၀၄၉

၂၉၆၅.၀၅၀

၁၀၁.၅၁

၁၁

၁၉၈၂-၁၉၈၃

၂၅၉၁.၈၇၀

၃၁၀၂.၃၉၃

၁၁၉.၇၀

၁၂

၁၉၈၃-၁၉၈၄

၃၁၄၄.၄၀၉

၃၃၂၂.၆၆၄

၁၀၅.၇၀

၁၃

၁၉၈၄-၁၉၈၅

၃၂၂၇.၁၈၅

၃၃၃၃.၅၀၇

၁၀၃.၃၀

၁၄

၁၉၈၅-၁၉၈၆

၃၃၀၂.၃၉၅

၃၃၉၆.၇၅၁

၁၀၂.၈၆

၁၅

၁၉၈၆-၁၉၈၇

၃၂၂၈.၂၅၁

၃၃၀၃.၈၄၅

၁၀၂.၃၄

၁၆

၁၉၈၇-၁၉၈၈

၃၃၆၀.၂၈၀

၃၃၇၄.၉၇၀

၁၀၀.၄၄

၁၇

၁၉၈၈-၁၉၈၉

၁၆၃၆.၂၀၀

၂၅၉၉.၉၂၀

၁၅၈.၉၀

၁၈

၁၉၈၉-၁၉၉၀

၂၈၇၅.၀၀၀

၃၆၇၉.၆၉၂

၁၂၈.၁၂

၁၉

၁၉၉၀-၁၉၉၁

၄၉၃၈.၄၆၀

၆၅၇၄.၃၄၁

၁၃၃.၁၃

၂၀

၁၉၉၁-၁၉၉၂

၅၁၉၂.၄၂၀

၆၈၉၅.၈၂၄

၁၃၂.၈၁

၂၁

၁၉၉၂-၁၉၉၃

၇၂၄၇.၃၃၀

၈၇၂၂.၄၇၇

၁၂၀.၃၅

၂၂

၁၉၉၃-၁၉၉၄

၈၆၅၃.၅၉၀

၁၁၇၁၄.၂၂၅

၁၃၅.၃၇

၂၃

၁၉၉၄-၁၉၉၅

၁၁၉၇၈.၉၇၀

၁၅၀၅၀.၅၇၅

၁၂၅.၆၄

၂၄

၁၉၉၅-၁၉၉၆

၁၅၃၄၇.၈၉၀

၁၇၁၈၅.၀၂၈

၁၁၁.၉၇

၂၅

၁၉၉၆-၁၉၉၇

၂၀၂၄၀.၇၂

၂၁၉၁၃.၈၄၈

၁၀၈.၂၇

၂၆

၁၉၉၇-၁၉၉၈

၃၀၃၅၆.၀၇၀

၃၈၄၇၃.၀၂၂

၁၂၆.၇၄

၂၇

၁၉၉၈-၁၉၉၉

၃၅၆၈၁.၄၁၀

၄၈၇၇၄.၃၄၄

၁၃၆.၇၀

၂၈

၁၉၉၉-၂၀၀၀

၄၃၁၀၅.၇၉၀

၅၂၅၀၆.၂၆၀

၁၂၁.၈၁

၂၉

၂၀၀၀-၂၀၀၁

၉၆၉၉၄.၉၄၀

၆၇၅၃၈.၈၅၀

၆၉.၆၃

၃၀

၂၀၀၁-၂၀၀၂

၉၉၁၁၉.၂၁၀

၇၁၈၀၆.၅၃၀

၇၂.၄၄

၃၁

၂၀၀၂-၂၀၀၃

၉၉၁၀၈.၆၇၆

၁၀၄၇၈၉.၄၆၀

၁၀၅.၅၃

၃၂

၂၀၀၃-၂၀၀၄

၂၀၃၆၁၂.၅၃၈

၁၆၁၈၄၂.၃၁၉

၇၉.၄၉

၃၃

၂၀၀၄-၂၀၀၅

၂၁၄၀၃၈.၆၆၆

၂၆၅၁၈၆.၂၃၃

၁၂၃.၉၀

၃၄

၂၀၀၅-၂၀၀၆

၄၀၃၇၆၇.၅၉၁

၄၄၈၁၅၆.၈၀၂

၁၁၀.၉၉

၃၅

၂၀၀၆-၂၀၀၇

၅၆၆၄၄၁.၈၅၅

၆၇၆၇၇၄.၁၇၁

၁၁၉.၄၈

၃၆

၂၀၀၇-၂၀၀၈

၇၀၇၆၈၆.၈၅၄

၈၃၈၄၂၈.၈၃၀

၁၁၈.၄၇

၃၇

၂၀၀၈-၂၀၀၉

၈၈၆၈၅၇.၆၆၀

၉၈၇၉၂၅.၉၆၅

၁၁၁.၄၀

၃၈

၂၀၀၉-၂၀၁၀

၉၁၂၄၄၃.၈၀၁

၁၀၃၇၃၆၄.၆၀၄

၁၁၃.၆၉

၃၉

၂၀၁၀-၂၀၁၁

၁၀၂၅၀၀၀.၀၀၀

၁၁၈၆၃၁၆.၇၅၄

၁၁၅.၇၄

၄၀

၂၀၁၁-၂၀၁၂

၁၀၂၈၂၈၅.၆၁၉

၁၅၂၈၄၀၀.၇၆၇

၁၄၈.၆၄

၄၁

၂၀၁၂-၂၀၁၃

၁၅၅၁၂၈၆.၈၄၀

၂၆၉၇၅၀၆.၁၃၅

၁၇၃.၈၉

၄၂

၂၀၁၃-၂၀၁၄

၂၈၁၅၀၁၅.၃၇၆

၃၅၆၇၅၆၆.၁၈၃

၁၂၆.၇၃

၄၃

၂၀၁၄-၂၀၁၅

၃၇၁၉၃၇၆.၇၁၀

၄၁၈၅၃၅၇.၇၈၈

၁၁၂.၅၃

၄၄

၂၀၁၅-၂၀၁၆

၄၅၄၇၇၁၀.၀၀၀

၄၅၉၁၀၀၀.၂၉၂

၁၀၀.၉၅

၄၅

၂၀၁၆-၂၀၁၇

၅၀၄၉၃၁၃.၁၆၈

၅၃၇၇၈၂၀.၁၅၆

၁၀၆.၅၁

၄၆  ၂၀၁၇−၂၀၁၈       ၆၀၀၀၀၀၀.၀၀၀     ၅၇၃၃၇၅၄.၇၄၈      ၉၅.၅၆

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှစီမံခန့်ခွဲသည့်ဥပဒေများ

၁၇။    ပြည်တွင်းအခွန်များဦးစီးဌာန၏ ရုံးခွန်အက်ဥပဒေ၊ မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ၊ ဝင်ငွေခွန်ဥပဒေ၊ ကုန်စည်နှင့်ဝန်ဆောင်မှုခွန် ဥပဒေ၊ အမြတ်ခွန်ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ၊ အထူးကုန်စည်ခွန်ဥပဒေတို့ကို ဥပဒေအဟောင်းများပြင်ဆင် ခြင်း/ ရုပ်သိမ်းခြင်း/ ဥပဒေအသစ်များ ပြဋ္ဌာန်းခြင်းများကို အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည် -

       (က)   ရုံးခွန်အက်ဥပဒေ။  ၁၈၇၀ ပြည့်နှစ်၊ ရုံးခွန်အက်ဥပဒေ (အမှတ် ၇/၁၈၇၀) သည် အိန္ဒိယ၌ အာဏာတည်ခဲ့ပြီး နောက် မြန်မာနိုင်ငံတော် အင်္ဂလိပ် ကိုလိုနီဘဝကျရောက်ပြီး အိန္ဒိယ၏ ပြည်နယ်တစ်နယ်အဖြစ် ရှိစဉ်ကပင် The Government  of Myanmar Act, 1935 အရ နိုင်ငံတော်တွင် အာဏာတည်စေခဲ့သည့် ဥပဒေဖြစ်သည်။ ရုံးခွန်အက် ဥပဒေသည် အဆိုပါ ၁၉၃၅ ခုနှစ် ဥပဒေပုဒ်မ ၄၀ အရ အချို့သော ဒေသနှင့် ပြည်နယ်များတွင် အာဏာမတည်ခဲ့ပါ။ ပြည်ထောင်စု အစိုးရအဖွဲ့၏    (၂၇-၁၁-၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ ထိုအက်ဥပဒေသည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့တိုးချဲ့၍ အာဏာသက်ရောက် စေခဲ့သည်။ ဤအက်ဥပဒေ သည် ၁၈၇၀ ပြည့်နှစ်မှစ၍ အိန္ဒိယ ပြင်ဆင် ချက်အက်ဥပဒေများ အပါအဝင် ပြင်ဆင်ချက် အက်ဥပဒေပေါင်း (၃၀) ခုခန့် ရှိခဲ့ပြီး မြန်မာနိုင်ငံလွတ်လပ်ရေး မရမီ နှင့်ရရှိပြီးနောက် ​အောက်ပါဥပဒေ များနှင့် အမိန့် အရ စကားရပ်များ ထပ်မံပြင်ဆင် အစားထိုးထားပါသည် -

                   (၁)     The Myanmar Court Fees (Amendment) Act, 1945၊

                   (၂)      The Myanmar Court Fees (Amendment) Act, 1946၊

                   (၃)     The Union of Myanmar (Adaptation of Laws) Order, 1948၊

                   (၄)     The Myanmar Court Fees (Amendment) Act, 1950၊

                   (၅)     The Myanmar Court Fees (Amendment) Act, 1957၊

                   (၆)     The Myanmar Court Fees (Amendment) Act, 1958၊

      (၇)     (၃၀-၃-၉၀) ရက်နေ့ မြန်မာနိုင်ငံရုံးခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း၊

      (၈)     (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၅ ဖြင့် ရုံးခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း

      (၉)     (၁၉-၃-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၄ ဖြင့် ရုံးခွန်အက်ဥပဒေကို ပြင်ဆင်ခြင်း။

       (ခ)     မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ။  ၁၈၉၉ ခုနှစ်၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေမှာ ယခင်က ၁၉၃၅ ခုနှစ်၊  မြန်မာနိုင်ငံစီရင်အုပ်ချုပ်မှု အက်ဥပဒေအရ ဇယားဝင် ပြည်နယ်ဒေသအချို့တွင် အာဏာမတည်ခဲ့ပါ။ ယခုအခါ ပြည်ထောင်စု အစိုးရအဖွဲ့၏ (၂၇-၁၁-၉၇) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၈/၉၇ အရ မြန်မာ နိုင်ငံတစ်ဝန်းလုံးသို့ တိုးချဲ့၍ အာဏာ  သက်ရောက်လာပါသည်။ ဤအက်ဥပဒေကို ၁၈၉၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ကာလ ၁၉၄၆ ခုနှစ် မတိုင် မီအထိ ပြင်ဆင်ချက် အက်ဥပဒေများနှင့် စကားရပ်များ အစားထိုးဥပဒေ များ စုစုပေါင်း ဥပဒေ (၂၆) ခုခန့်ရှိပြီး လွတ်လပ်ရေး   မရမီ ၁၉၄၆ ခုနှစ်မှစ၍ လွတ်လပ်ရေး ရပြီးနောက် ၂၀၁၂ ခုနှစ်၊ ဧပြီလအထိ အောက်ပါပြင်ဆင်သည့် ဥပဒေနှင့် အမိန့်  တို့အရ စကားရပ်များအစားထိုး ပြင်ဆင်ထားပါသည် -

(၁)     The Myanmar Stamp (Amendment) Act, 1946

(၂)      The Myanmar Stamp (Amendment) (Validating)Act, XIX of 1946

(၃)     The Union of Myanmar (Adaptation of Laws) Order, 1948၊

(၄)     The Myanmar Stamp (Amendment) Act, 1950

(၅)     The Myanmar Stamp (Amendment) Act, 1953

(၆)     The Myanmar Stamp (Amendment) Act, 1957

(၇)     (၃၀-၉-၉၀) ရက်နေ့တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း

(၈)     (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂ ဖြင့် မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်ခြင်း

(၉)     (၂၈-၃-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၉ ဖြင့် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ ကို ပြင်ဆင်ခြင်း

(ဂ)     ဝင်ငွေခွန်ဥပဒေ။    ဝင်ငွေခွန်ဥပဒေမှာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး ကောင်စီက ပြဋ္ဌာန်းသော ဥပဒေအမှတ် ၇ ဖြင့် ၁၉၇၄ ခုနှစ်တွင် (၁-၄-၇၄) နေ့မှစ၍ အာဏာတည်သောဥပဒေဖြစ်ပြီး ခေတ်အဆက်ဆက် ပြင်ဆင်/ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ (၂၂-၃-၁၉၈၉) ရက်စွဲပါ နည်းဥပဒေအမှတ် ၁/၈၉ဖြင့် ဝင်ငွေခွန်နည်းဥပဒေကို ထုတ်ပြန်ခြင်း၊

(၂)      ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂၄-၃-၁၉၈၉) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၁/၈၉ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ထုတ်ပြန်ခြင်း

(၃)     ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၁၆-၅-၁၉၉၁) ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ် ၇/၉၁ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၄)     ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၏ (၂-၅-၁၉၉၄) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် ၆/၉၄ ဖြင့် ဝင်ငွေခွန်စည်းမျဉ်းများကို ပြင်ဆင်ခြင်း၊

(၅)     ၂၀၀၆ ခုနှစ် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်ခြင်း

(၆)     (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄ ဖြင့် ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်ခြင်း

(၇)     (၂၄-၃-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅ ဖြင့် ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်ခြင်း

(၈)     (၃၁-၈-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃၆ ဖြင့် ဝင်ငွေခွန် ဥပဒေကို ပြင်ဆင်ခြင်း

(ဃ)   ကုန်စည်နှင့်ဝန်ဆောင်မှုခွန်ဥပဒေ။   ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့် ကိုက်ညီစေရန် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ နှင့် ကုန်ထုတ်သမဝါယမအသင်းများအပေါ် အခွန်စည်းကြပ်ကောက်ခံရန် ပြည့်သူ့လွှတ်တော်က ပြဋ္ဌာန်းသော ၁၉၇၆  ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၃ ဖြစ်ပါသည်။ (၁-၄-၇၆) နေ့မှစ၍ အကျိုး သက်ရောက်ပါသည်။ အဆိုပါဥပဒေကို ၁၉၉၃  ခုနှစ် ဥပဒေများ (ဒုတိယအကြိမ်) ရုပ်သိမ်းသည့် ဥပဒေအရ ရုပ်သိမ်းပြီးဖြစ်ပါသည်။

                            (င)     အမြတ်ခွန်ဥပဒေ

(၁)     ဆိုရှယ်လစ်စီးပွားရေးစနစ်နှင့်ကိုက်ညီစေရန် ပြည်သူ့လွှတ်တော်က ပြဋ္ဌာန်းသော ဥပဒေ အသစ်ဖြစ်ပါသည်။ ပုဂ္ဂလိကကဏ္ဍ တစ်ဦးချင်းပုဂ္ဂိုလ်တို့၏ ဝင်ငွေအပေါ် အခွန်စည်းကြပ်ရန်ဖြစ်ပါသည်။ ထို့အပြင် သွင်းကုန်၊ ဖျော်ဖြေမှု အတွက် ပေးဆောင်ရသည့်အခွန်၊ ဆားထုတ်လုပ်သည့်အတွက် ကျသင့်အခွန် များကို (၁-၄-၇၆) နေ့မှစ၍ အမြတ်ခွန် ဥပဒေဖြင့်သာ စည်းကြပ်ရပါသည်။    (၁-၄-၇၆) နေ့မှစ၍ တစ်ဦးချင်းလုပ်ငန်းရှင်များအပေါ် ဝင်ငွေခွန်ဥပဒေက အကျိုး သက်ရောက်မှု မရှိပါ။ အခွန်စည်းကြပ်မှုအတွက် စာရင်းအထောက် အထားရှိရန်မလိုအပ်ပါ။ အမြတ်ခွန်ဥပဒေကို (၄)  ကြိမ် ပြင်ဆင်ပြီးဖြစ်ပါသည်။ အမြတ်ခွန်ဥပဒေကို ၁၉၈၆၊ ၁၉၈၇၊ ၁၉၈၉ နှင့် ၁၉၉၁ ခုနှစ် များတွင် ပြင်ဆင်ခဲ့ပြီး အမြတ် ခွန်စည်းမျဉ်းများကို ၁၉၈၇ ခုနှစ်တွင် ဖြည့်စွက်ခဲ့ပါသည်။

(၂)      (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁ ဖြင့် အမြတ်ခွန်ဥပဒေကို ရုတ်သိမ်းသည့် ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၁-၂၀၁၂ စည်းကြပ်နှစ်မှစ၍ အမြတ်ခွန်ဥပဒေအရ စည်းကြပ်ရန် ကိစ္စရပ်များကို ဝင်ငွေခွန် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း တစ်ပါတည်း ပြဋ္ဌာန်းခဲ့ပါသည်။

(စ)     ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ။   ကုန်သွယ်လုပ်ငန်းခွန်ဥပဒေသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ဥပဒေ အမှတ် ၈/၉၀ ဖြင့် ပြဋ္ဌာန်းထားသော ဥပဒေအသစ်ဖြစ်ပြီး (၁-၄-၉၀) နေ့မှစ၍ အကျိုးသက်ရောက် ပြီး ခေတ်အဆက်ဆက် ပြင်ဆင်/ပြဋ္ဌာန်းချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၁)     နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် ၅/၉၁ ဖြင့် ပြင်ဆင်ခြင်း

(၂)      နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၀၆ ဖြင့် ပြင်ဆင်ခြင်း၊

(၃)     (၂၉-၉-၂၀၁၁) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၃ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင် ခြင်း

(၄)     (၂၄-၃-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၆ ဖြင့် ကုန်သွယ် လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင် ခြင်း

(၅)     (၂-၄-၂၀၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၈ ဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင် ခြင်း။

                           (ဆ)   ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ

(၁)     ပြည်ထောင်စုလွှတ်တော်သည် (၂၈-၃-၂၀၁၄) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၀ ဖြင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း၊

(၂)      ပြည်ထောင်စုလွှတ်တော်သည် (၂-၄-၂၀၁၅) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၁၇ ဖြင့် ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း၊

(၃)     ပြည်ထောင်စုလွှတ်တော်သည် (၂၅-၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် ၂၂ ဖြင့် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း။

 (ဇ)     အထူးကုန်စည်ခွန်

(၁)     ပြည်ထောင်စုလွှတ်တော်သည် (၁၈-၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် ၁၁ ဖြင့် အထူး ကုန်စည်ခွန်ဥပဒေကို ပြဋ္ဌာန်းခဲ့ခြင်း။